Sunday, July 21, 2013

ေအာ္ပါေစ ပဲ့တင္ေတာ့ လို



The Echo Chamber Revisited

ေနျမင့္ခ်ိန္ရယ္ ၾကာလွ
ကြတိ ကြတေတြ ကိုယ့္အရိပ္ကိုယ္
ျပန္နင္းေနျပီ ။
ရာသီေဖါက္ျပန္လို ့
လက္ပန္ေတြလဲ ဥတုေမ့ ပြင္ေနၾကရ         
ကံဆိုးတယ္လက္ပန္ရယ္ ။
မင္းပိုင္တဲ့အနီကို သူတို ့ေကာ္ပီခိုး
လူ ့အရိုးေတြ ကို ေခြးမ်ိဳးျဖစ္ဖို ့ ၾကိဳးစားေနတယ္ ။
အာကာမွာ အလင္းေရာင္စလို ့ေပၚ
မိုးသားေတြ အံု ့မႈိင္းတာ ေပ်ာက္မလား
ေစာင့္ေနရင္း
ၾကယ္နီထြက္ခ်ိန္ လင္းၾကက္ရဲ  ့
တြန္သံေတာင္ဘယ္သူမွ မၾကားလိုက္(မသိလိုက္)ရ ။
မရင္းပဲ ျမတ္ခ်င္သူ
မလႈပ္ပဲ ေရႊ  ့ခ်င္သူ
လက္သည္းျဖတ္တာကို
လက္တေခ်ာင္းလံုး ဆံုးရႈံးပါတယ္ဆိုျပီး
အေလွ်ာ္လိုခ်င္သူ - - -
-      - - - - - -
ဖုရားေရ - - -
တျပည့္ေတာ္လဲ အုပ္တခ်က္မဟုတ္ေပမဲ့
သဲတပြင့္ဆိုတာ -  - - -
ၾကြားစရာမဟုတ္- - -
-      - - - -
က်ေနာ့ သူငယ္ခ်င္း ဝီညဥ္ေတြေအာ္ေနတယ္
ျခင္းၾကီးကိုယ္ ခ်ဲ ့ေပး ျခင္းၾကီးကိုယ္ခ်ဲ  ့ေပး
အိမ္ၾကက္ခ်င္းမဆိပ္ေစဖို ့ ။         ။

No comments:

Post a Comment