Saturday, July 20, 2013

မဆံုးေသးေသာလမ္း


 ၂၅ႏွစ္ေက်ာ္ၾကာမွာ ပထမဆံုးအၾကိမ္ ငယ္သူငယ္ခ်င္းတေယာက္နဲ ့ ဖုန္းနဲ ့စကားေျပာျဖစ္ခဲ့ပါတယ္။ သူက က်ေနာ္တို ့ျမိဳ  ့မွ ရန္ကုန္သို ့ေရႊ  ့လာရသူျဖစ္ျပီး က်ေနာ္က အေမရိကားမွာ ပါ။ ေရွးေဟာင္းေႏွာင္းျဖစ္ သူငယ္ခ်င္းမ်ားအေၾကာင္း စံုေနေအာင္ေျပာၾကရင္းက လူ ့ဘဝရ့ဲ တြန္းပို ့ခံရမႈ ကံစီမံမႈ နဲ ့ ေရစက္ ဆံုစီးမႈ တို ့အေၾကာင္းကို မသိမသာက်ေနာ္ျမင္လိုက္ရတယ္ ။   ရည္မွန္းခ်က္ရွိတိုင္းလည္းျဖစ္မလာသလို မေမွ်ာ္လင့္ပဲလည္းျဖစ္လာရတာေတြအမ်ား ၾကီးၾကံဳ ေတြ ့ရတတ္ပါတယ္။ သူငယ္ခ်င္းေတြထဲမွာ အလြန္ညာဏ္ေကာင္းသူက ဘြဲ ့ရပညာတတ္ၾကီးျဖစ္ျပီး မစို ့မပို ့ေသာ ဝင္ေငြ လစာနဲ ့ ဝန္ထမ္းျဖစ္ေနသလို ခပ္ထံုထံုထိုင္းထိုင္းသူငယ္ခ်င္းၾက ကိုယ္ပိုင္စီးပြားေရးနဲ ့ေကာင္းစားေနပါတယ္။ အလြန္ဝီရိယ ရွိသူက အေရာင္းစာေရးလို အလုပ္မွာပဲ အႏွစ္ႏွစ္ဆယ္ေက်ာ္ သာမန္ဘဝနဲ ့ရွိေနစဲျဖစ္ျပီး ခပ္ပ်င္းပ်င္းေကာင္ၾက လူမႈကူညီေရးအဖြဲ ့တခုရဲ့ ဦးေဆာင္ျဖစ္ျပီး ဟုတ္ေနသတဲ့။ ဒီလိုပဲ မေမွ်ာ္လင့္သူေတြနဲ ့ဆံုစီးၾကရ အတူတကြ ေနထိုင္ၾကရျပီး ခင္ပါရေစ မင္ပါရေစ ဘယ္ေလာက္ပဲဆိုေနဆိုေန ေရစက္မပါလွ်င္ တံု ့ျပန္မႈပင္ျပန္မရ ဝမ္းနည္းရေပါင္းမ်ားစြာလည္းၾကံဳခဲ့၇ပါတယ္။ ဖုန္းမခ်မီွ သူငယ္ခ်င္းေျပာလိုက္တဲ့စကားကေတာ့ က်ေနာ့ရင္ကို စူးနစ္က်န္ရစ္ခဲ့ပါတယ္ “ သူငယ္ခ်င္းေရ ဝတ္ကၽြတ္သူေတြကေတာ့ နိဳင္ငံျခားေတြေရာက္ကုန္ျပီး ငါတို ့ေတာ့ ဝတ္က်န္ေသးေတာ့ ဒီစနစ္ဆိုးၾကီးေအာက္မွာပဲ ဆက္ခံရဦးမွာေပါ့ကြာ ”

တမာညိဳ

No comments:

Post a Comment