Sunday, July 28, 2013

ႏွစ္ဆဲ့ ငါးႏွစ္ ဆိုပါလား -



ႏွစ္ဆဲ့ငါးႏွစ္တဲ့
ဆယ့္ရွစ္ႏွစ္ကထဲက အိမ္ေထာင္က်ခဲလွ်င္
ေျခာက္ႏွစ္သားကေလး
ေက်ာင္းထားလို ့ရေနျပီ ။       ။
ႏွစ္ဆဲ့ငါးႏွစ္တဲ့
တႏွစ္တ တန္း ပံုမွန္ေအာင္လွ်င္
ဘြဲ ့ရလို ့ လုပ္ငန္းခြင္ေတာင္ေရာက္ေနျပီ ။    ။
ႏွစ္ဆဲ့ငါးႏွစ္တဲ့
စီးပြားေရးသမားတေယာက္အတြက္
လိုတိုးပိုေလွ်ာ့
ေကာင္းေကာင္းေတာ့ သိေနျပီ ။    ။
ႏွစ္ဆဲ့ငါးႏွစ္တဲ့
သူငယ္ျပန္ေလာက္ေအာင္ထိ
မၾကီးေသးဘူး
ပံုျပင္နားေထာင္ ရေလာက္ေအာင္လည္း
မငယ္ေတာ့ဘူး ။    ။
ႏွစ္ဆဲ့ငါးႏွစ္တဲ့
ေအာက္မွာေနျပီး ကဲမွတ္ျပီလား လို ့
ေအာ္ေနဖို ့မဟုတ္ - - -
ႏွစ္ဆဲ့ငါးႏွစ္တဲ့
ကိုယ္တလွမ္းမွာ သူမ်ားႏွစ္လွမ္းေက်ာ္သြားတာ
-     - - - - -  ၾက ေတာ့-  - -
သတိရွိၾကေစ-  - -

Sunday, July 21, 2013

ေအာ္ပါေစ ပဲ့တင္ေတာ့ လို



The Echo Chamber Revisited

ေနျမင့္ခ်ိန္ရယ္ ၾကာလွ
ကြတိ ကြတေတြ ကိုယ့္အရိပ္ကိုယ္
ျပန္နင္းေနျပီ ။
ရာသီေဖါက္ျပန္လို ့
လက္ပန္ေတြလဲ ဥတုေမ့ ပြင္ေနၾကရ         
ကံဆိုးတယ္လက္ပန္ရယ္ ။
မင္းပိုင္တဲ့အနီကို သူတို ့ေကာ္ပီခိုး
လူ ့အရိုးေတြ ကို ေခြးမ်ိဳးျဖစ္ဖို ့ ၾကိဳးစားေနတယ္ ။
အာကာမွာ အလင္းေရာင္စလို ့ေပၚ
မိုးသားေတြ အံု ့မႈိင္းတာ ေပ်ာက္မလား
ေစာင့္ေနရင္း
ၾကယ္နီထြက္ခ်ိန္ လင္းၾကက္ရဲ  ့
တြန္သံေတာင္ဘယ္သူမွ မၾကားလိုက္(မသိလိုက္)ရ ။
မရင္းပဲ ျမတ္ခ်င္သူ
မလႈပ္ပဲ ေရႊ  ့ခ်င္သူ
လက္သည္းျဖတ္တာကို
လက္တေခ်ာင္းလံုး ဆံုးရႈံးပါတယ္ဆိုျပီး
အေလွ်ာ္လိုခ်င္သူ - - -
-      - - - - - -
ဖုရားေရ - - -
တျပည့္ေတာ္လဲ အုပ္တခ်က္မဟုတ္ေပမဲ့
သဲတပြင့္ဆိုတာ -  - - -
ၾကြားစရာမဟုတ္- - -
-      - - - -
က်ေနာ့ သူငယ္ခ်င္း ဝီညဥ္ေတြေအာ္ေနတယ္
ျခင္းၾကီးကိုယ္ ခ်ဲ ့ေပး ျခင္းၾကီးကိုယ္ခ်ဲ  ့ေပး
အိမ္ၾကက္ခ်င္းမဆိပ္ေစဖို ့ ။         ။

မာရီယာနာသို ့တိုင္တည္ျခင္း ( ကဗ်ာ ) ဒီမွာ ကုတ္ဖတ္ပါ*



ဂ်ဴလိုင္ျမက္



နယုန္မိုးေသး
ျမက္သားေမြး သတဲ့ ။      ။

ဂ်ဴလိုင္မ်က္ရည္နဲ ့
ေမြးခဲ့တဲ့ျမက္သား
လွံသြားလို ခၽြန္
ဒါးသြားလိုထက္
ေသြးစာသူ ့လက္ 
ဟက္တက္ကြဲေစသား ။            ။

ျပန္ေပးဆြဲခံထိသြားတဲ့ ဘုရား


ျပန္မလာပါေစနဲ ့ ( ကဗ်ာ)


ေသေသခ်ာခ်ာ ဆင္ထားတဲ့ ေထာင္ေခ်ာက္ထဲကို
နိုင္ငံေတာ္သီခ်င္းဆိုလို ့ဝင္တယ္
အင္တာနက္ တက္ျပီးဝင္တယ္
ေဖစ္ဘုက္ကေန ဝင္တယ္
ကခံုလို ့ဝင္တယ္
လမ္းေလွ်က္လို ့ဝင္တယ္
ဂၽြန္းထိုး လို ့ဝင္တယ္
အားမန္အျပည့္နဲ ့ဝင္တယ္
ေဒါသတၾကီးနဲ ့ဝင္တယ္
မိဖကိုယ္ေတာင္ ျပစ္တင္ျပီးဝင္တယ္
လက္တြဲေဖၚ ရဲေဘာ္ခ်င္း လမ္းခြဲျပီးဝင္တယ္
ေၾကးနီေတာင္ၾကီးကို ေက်ာခိုင္းျပီးဝင္တယ္
လယ္သိမ္းခံ လယ္သမားေတြကို ေမ့ထားျပီးဝင္တယ္
ဆယ္ႏွစ္အရြယ္ စားပြဲထိုးေလးကို ေအာင္ဟစ္ေငါက္ငန္းျပီး ဝင္တယ္
၂၀၀၈ ၂၀၁၀ ၂၀၁၅ ေတြကို ေခါင္းထဲ မထည့္ပဲဝင္တယ္
ဝိဘစၥဝါဒအေၾကာင္း မေလ့လာပဲဝင္တယ္
ယမကာေလးေသာက္ျပီးဝင္တယ္
မနက္ျဖန္မွာ ညီအစ္ကိုခ်င္း ဒါး ခ်င္းခုတ္ဖို ့ဝင္တယ္
မနက္ျဖန္မွာ အဇာတသက္လက္သစ္လုပ္ဖို ့ဝင္တယ္
မနက္ျဖန္မွာ သူတပါး တံေတြးခြက္ထဲမွာ ေရကူးသင္ဖို ့ဝင္တယ္
မနက္ျဖန္မွာ အာဏာရွင္ေတြ ေသြးစိမ္းရွင္ရွင္ေတြေသာက္
လက္ရံုးေတြ မီးေတာက္သြားနိုင္ဖို ့ ဝင္တယ္
ဝင္တယ္
ဝင္တယ္
ဝင္တယ္
သူတို ့ကို္ယ္သူတို ့ မ်ိဳးခ်စ္ၾကီးေတြလို ့ေအာ္ျပီးဝင္တယ္

သြားပေစေလ
လမ္းဖယ္ေပးလိုက္ၾကပါ
အနံဆိုးလြန္းလို ့
ျပန္ေတာ့ မလာေစနဲ ့ ။            ။

မင္းညိဳေအာင္

Saturday, July 20, 2013

အပုတ္ကို ၾကိဳက္ၾကတယ္



ယံုလို ့ေတာ့မဟုတ္ဘူး အားနာတတ္တဲ့လူမ်ိဳးဆိုေတာ့လည္း (ေျပာမရလို ့ ၊ တားမရလို ့ ၊ အတည္မယူပါဘူး )ေျပာခ်င္သလိုေျပာေတာ့ လို ့လႊတ္ထားလိုက္ေတာ့ ဝမ္းတြင္းပုတ္နံထြက္လာတယ္။ ေၾသာ္ အပုတ္ဆိုတာလည္း ေျမၾသဇာေကာင္းတတ္ေတာ့ အေနာက္ကေရာ အေရွ  ့ကေရာ ေဘးကေရာ ညာကေရာ စိတ္ၾကိဳက္ဝင္ယူၾကတာေပါ့။ အပုတ္နံ ထြက္တဲ့ပါးစပ္ ၊ သူတို ့အတြက္ေတာ့ စီးပြားေရး ကပ္ေကာင္းေနေရာ။

ဒါကိုမွ ေအာက္တန္းက်တယ္မေျပာလွ်င္ ဘယ္အရာမ်ား ဒိထက္ေအာက္တန္းက်သလဲ -



က်ေနာ္တို ့ျမိဳ  ့က ျမိဳ  ့ခ်စ္လူငယ္ေလးေတြ စုစည္းျပီး ဂရုေလး တခု ဖန္တီးခဲ့ပါတယ္ ။ ျမိဳ  ့နဲ ့ကင္းကြာေနသူေတြအတြက္ အလြမ္းေျပ ခံစားနိုင္ဖို ့ဓါတ္ပံုေလးေတြ ေဝေဝစာစာနဲ ့ အလြန္ပဲၾကည္နဴးဖြယ္ေကာင္းတဲ့ ဂရုေလးတခုပါ။ တဦးနဲ ့တဦးလည္း ခ်စ္ခ်စ္ခင္ခင္နဲ ့ ေနာက္ေျပာင္ျပိး စာေရးၾကတာ ၊ က်ေနာ့အတြက္ေတာ့ ဒီေဖစ္ဘုက္က မခြာရက္နိုင္ျဖစ္ခဲ့ပါတယ္။ဘာမွ အျပစ္မရွိတဲ့ ဘယ္လိုမွ အျပစ္ဆိုတာ ျမဴတမွ်င္မွ ရွာလို ့ပင္ မရတဲ့ အဲဒိ အုပ္စုေလးကို မေန ့က ဂ်ဴလိုင္ ၁၇ ရက္ေန ့က HACK လုပ္ျပီး တိုက္ခိုက္ဖ်က္ဆီးသြားပါတယ္ ။ ဖုန္းၾကီးႏွင့္ မိန္းမ မဖြယ္မရာပံုမ်ား ဖုရားပံုေတာ္ကို ေစာ္ကားထားေသာ ပံုမ်ားႏွင့္ တင္ထားပါတယ္ ။ ျပီးေတာ့ ျမန္မာ မူစလင္ အဖြဲ ့မွ တိုက္ခိုက္တယ္ ဆိုတဲ့ပံုမ်ိဴးနဲ ့ ဘာသာေရးျပႆနာျဖစ္ေအာင္ ဖန္တီးထားပါတယ္ ။ တိုက္ခိုက္သူဟာ ဘယ္သူလည္း ဘယ္ဘာသာဝင္လည္း ဆိုတာ က်ေနာ္မသိေပမဲ့ ဘယ္လို အမ်ိဴးအစားထဲက ဘယ္လိုသူမ်ိဳး မိသားစုက ေမြးဖြားလာတယ္ဆိုတာေတာ့သံသယ ေမးခြန္းထုတ္စရာမလိုပါဘူး ။ မိတ္ေဆြတို ့သတိရွိၾကဖို ့ တင္ျပလိုက္ပါတယ္။

တမာညိဳ (ေဖစ္ဘုတ္မွ)

မဆံုးေသးေသာလမ္း


 ၂၅ႏွစ္ေက်ာ္ၾကာမွာ ပထမဆံုးအၾကိမ္ ငယ္သူငယ္ခ်င္းတေယာက္နဲ ့ ဖုန္းနဲ ့စကားေျပာျဖစ္ခဲ့ပါတယ္။ သူက က်ေနာ္တို ့ျမိဳ  ့မွ ရန္ကုန္သို ့ေရႊ  ့လာရသူျဖစ္ျပီး က်ေနာ္က အေမရိကားမွာ ပါ။ ေရွးေဟာင္းေႏွာင္းျဖစ္ သူငယ္ခ်င္းမ်ားအေၾကာင္း စံုေနေအာင္ေျပာၾကရင္းက လူ ့ဘဝရ့ဲ တြန္းပို ့ခံရမႈ ကံစီမံမႈ နဲ ့ ေရစက္ ဆံုစီးမႈ တို ့အေၾကာင္းကို မသိမသာက်ေနာ္ျမင္လိုက္ရတယ္ ။   ရည္မွန္းခ်က္ရွိတိုင္းလည္းျဖစ္မလာသလို မေမွ်ာ္လင့္ပဲလည္းျဖစ္လာရတာေတြအမ်ား ၾကီးၾကံဳ ေတြ ့ရတတ္ပါတယ္။ သူငယ္ခ်င္းေတြထဲမွာ အလြန္ညာဏ္ေကာင္းသူက ဘြဲ ့ရပညာတတ္ၾကီးျဖစ္ျပီး မစို ့မပို ့ေသာ ဝင္ေငြ လစာနဲ ့ ဝန္ထမ္းျဖစ္ေနသလို ခပ္ထံုထံုထိုင္းထိုင္းသူငယ္ခ်င္းၾက ကိုယ္ပိုင္စီးပြားေရးနဲ ့ေကာင္းစားေနပါတယ္။ အလြန္ဝီရိယ ရွိသူက အေရာင္းစာေရးလို အလုပ္မွာပဲ အႏွစ္ႏွစ္ဆယ္ေက်ာ္ သာမန္ဘဝနဲ ့ရွိေနစဲျဖစ္ျပီး ခပ္ပ်င္းပ်င္းေကာင္ၾက လူမႈကူညီေရးအဖြဲ ့တခုရဲ့ ဦးေဆာင္ျဖစ္ျပီး ဟုတ္ေနသတဲ့။ ဒီလိုပဲ မေမွ်ာ္လင့္သူေတြနဲ ့ဆံုစီးၾကရ အတူတကြ ေနထိုင္ၾကရျပီး ခင္ပါရေစ မင္ပါရေစ ဘယ္ေလာက္ပဲဆိုေနဆိုေန ေရစက္မပါလွ်င္ တံု ့ျပန္မႈပင္ျပန္မရ ဝမ္းနည္းရေပါင္းမ်ားစြာလည္းၾကံဳခဲ့၇ပါတယ္။ ဖုန္းမခ်မီွ သူငယ္ခ်င္းေျပာလိုက္တဲ့စကားကေတာ့ က်ေနာ့ရင္ကို စူးနစ္က်န္ရစ္ခဲ့ပါတယ္ “ သူငယ္ခ်င္းေရ ဝတ္ကၽြတ္သူေတြကေတာ့ နိဳင္ငံျခားေတြေရာက္ကုန္ျပီး ငါတို ့ေတာ့ ဝတ္က်န္ေသးေတာ့ ဒီစနစ္ဆိုးၾကီးေအာက္မွာပဲ ဆက္ခံရဦးမွာေပါ့ကြာ ”

တမာညိဳ