Tuesday, August 5, 2014

ပန်းရယ် လွမ်းတယ် -



လူးလှိမ့် မှောက် လှုပ်



ထထိုင်ငုတ်တုတ်



ဇွတ်မှိုတ် ထားတောင်



မပြောက်တဲ့ ပုံရိပ်



ကဝေလား မျှော့ လား



တွယ်ကပ်လို့ ချောက်လှန့် 



အတိတ်ရဲ့ အကျဉ်းသား



ရုန်းထွက်ဖို့ အမှောင်ထဲမှာ ကျိုးစား



စိတ္တဇည ထဲက သားကောင် ။



နေကောင်းရဲ့လား ပန်းရယ်



စေတနာတွေ အဆိပ်တက်



သိပ်ခက်တဲ့ ဘဝရဲ့ မျှော်လင့်ချက်



မင်းထွက်သွားပြီလား ဟင်



ရင်ခတ်ပန်း



စမ်းကလေး အတွက် အလွမ်း



ယွင်းမှားတဲ့ လမ်းကြောင်းပေါ်မှ



ဟိုဖက်ကမ်းကို လာခဲ့မယ်



လက်လှမ်းလို့ ကြို မှာလား ။



ရင်ထဲမှာ စူးနစ် ဟာတာ



မွန်းကြပ်တဲ့ ဝေဒနာ



ယူသွားတာလား



ချန်ထားခံရတာလား



ဆန်းပြားတဲ့ မှော်ပစ္စလက် အတတ်နဲ့ 



ဆုံဆည်းမှုရဲ့ လမ်း



အလွမ်းတွေနဲ့ 



ခတ်ကြမ်းကြမ်းရေးဖွဲ့ 



မေ့လိုက်ပြီလား အာဘွား လေး ကို ။



စိတ်အားငယ်ရပြီ ချစ်သူရယ်



တင်းထားစမ်းပါ



ပျော်ရွှင်ပါစေ



ဓါတ်ပုံလေးတွေနဲ့ လွမ်းတယ်



မီးစိမ်းလေးကို လွမ်းတယ်



အွန်လိုင်းလေးကိုကြည့်လို့ လွမ်းတယ်



စံတော်ချိန်တွေ ကြည့်ပြီး လွမ်းတယ်



အမှောင်ထုကို ကြည့်ပြီးလွမ်းတယ်



လွမ်းတယ်



လွမ်းတယ်



လွမ်းတယ်


ပန်း ရှိတဲ့ နေရာကို လာချင်တယ်



ပန် ရဲ့ သက်ရှိအပြုံးကို မြင်ချင်တယ်



ပန်း ရဲ့ ရွာလေးမှာ ဆုံချင်တယ်



ပန်းရဲ့ လက်ကလေးကို ဆွဲလို့ 



ကမ္ဘာအနှံ ရှောက်လည်ချင်တယ် ။