ကျနော်တို
့မြို့ က မြို့ ချစ်လူငယ်လေးတွေ စုစည်းပြီး ဂရုလေး တခု ဖန်တီးခဲ့ပါတယ်
။ မြို့ နဲ့ ကင်းကွာနေသူတွေအတွက်
အလွမ်းပြေ ခံစားနိုင်ဖို့ ဓါတ်ပုံလေးတွေ ဝေဝေစာစာနဲ့  အလွန်ပဲကြည်နူးဖွယ်ကောင်းတဲ့
ဂရုလေးတခုပါ။ တဦးနဲ့ တဦးလည်း ချစ်ချစ်ခင်ခင်နဲ့  နောက်ပြောင်ပြိး စာရေးကြတာ ၊
ကျနော့အတွက်တော့ ဒီဖေစ်ဘုက်က မခွာရက်နိုင်ဖြစ်ခဲ့ပါတယ်။ဘာမှ အပြစ်မရှိတဲ့ ဘယ်လိုမှ
အပြစ်ဆိုတာ မြူတမျှင်မှ ရှာလို့ ပင် မရတဲ့ အဲဒိ အုပ်စုလေးကို မနေ့ က ဂျူလိုင် ၁၇
ရက်နေ့ က HACK လုပ်ပြီး တိုက်ခိုက်ဖျက်ဆီးသွားပါတယ် ။ ဖုန်းကြီးနှင့် မိန်းမ
မဖွယ်မရာပုံများ ဖုရားပုံတော်ကို စော်ကားထားသော ပုံများနှင့် တင်ထားပါတယ် ။ ပြီးတော့
မြန်မာ မူစလင် အဖွဲ့ မှ တိုက်ခိုက်တယ် ဆိုတဲ့ပုံမျိုးနဲ့  ဘာသာရေးပြဿနာဖြစ်အောင်
ဖန်တီးထားပါတယ် ။ တိုက်ခိုက်သူဟာ ဘယ်သူလည်း ဘယ်ဘာသာဝင်လည်း ဆိုတာ ကျနော်မသိပေမဲ့
ဘယ်လို အမျိုးအစားထဲက ဘယ်လိုသူမျိုး မိသားစုက မွေးဖွားလာတယ်ဆိုတာတော့သံသယ မေးခွန်းထုတ်စရာမလိုပါဘူး
။ မိတ်ဆွေတို့ သတိရှိကြဖို့  တင်ပြလိုက်ပါတယ်။
တမာညို (ဖေစ်ဘုတ်မှ)
No comments:
Post a Comment